Home
Articles
Photo Gallery
News Categories
Contact Me
Main Menu
Home
Articles
Photo Gallery
Contact Me
Users Online
Guests Online: 2
No Members Online
Registered Members: 450
Newest Member:
thingiwin
What is viral today?
Friend sites
Site Status
Registered Members: 450 Comments: 1652
Shoutbox Posts:3327
Forum Posts: 4231
Total Photos: 332
ဆေးသိပ္ပံ နှင့် ၀ိဇ္ဇာပညာ
ဆေးကျောင်းသားဘ၀ကို အပြင်ကနေမြင်သလို မမြင်တတ်ပါ။ ပြန်ပြီးအောက်မေ့၊ ဆင်ခြင်တာမျိုးပါ။ တခြား ကောလိပ်-တက္ကသိုလ် ကျောင်းသားဘ၀တွေနဲ့ အတော်များများ အတူတူပါဘဲ။ ဆေးကျောင်းဖြစ်လို့ ၀ိဇ္ဇာဘာသာရပ်နဲ့ ခပ်ဝေးဝေး ဖြစ်တာတော့ အမှန်ဘဲ၊ ဒါပေမဲ့ အဝေးကြီး မဟုတ်ဘူး။
ဝိဇ္ဇာပညာ၊ အနုပညာ၊ စာပေ-ယဉ်ကျေးမှု ဆိုတာတွေကို ဆယ်တန်းအမှတ်က အဝေးကြီး ပို့မပြစ်နိုင်ဘူး။ လျှပ်စစ်ဂီတာ ပေါ်စခေတ်မှာ ကောင်းကောင်း တီးခပ်နိုင်သူတွေ ဆေးကျောင်းမှာ ရှိတယ်။ သူငယ်ချင်းတွေထဲမှာ အင်မတန်တော်တဲ့ ဂီတသမားတွေရှိတယ်။ နှစ်ယောက်ကဆို မျိုးရိုးအရကို တော်တာ။ တခါက ကျောင်းပွဲလေးတခုမှာ နာမည်ကြီးပြီးသား အဆိုတော် (ဆရာမလဲ ဟုတ်တယ်)၊ ကျောင်းပွဲတခုမှာ သီချင်းဆိုတာကို သူငယ်ချင်းက မယ်ဒလင်တီးပေးရတယ်။ ဆိုပြီးတော့ သူငယ်ချင်းက ပြန်ပြောတယ်၊ “့ ဆိုတာ စည်းတချက် လွဲတယ်ကွ့”တဲ့။
စတီရီယိုတေးတွေ စပေါ်လာတဲ့ သီချင်းခေတ်ထဲမှာ နာမည်ကြီးတယောက် ဆိုတာတွေကို ရေးခဲ့သူ သီချင်းရေးဆရာက ကျွန်တော်နဲ့ အဆောင်အတူ နေရစဉ်က တကုတင်ကျော်မှာ နေတယ်။ မန္တလေး၊ ဖါသာလဖုန်း အဆောင်မှာပါ။ အဲဒီတုံးက အမြဲလိုလို သူ့ကိုတွေ့နေရတာက ရှမ်းဘောင်းဘီဝတ်ပြီး၊ ပုလွေတချောင်းနဲ့ ဂီတာတလက်၊ ဟောင်းနေပါပြီ၊ သူ့အဆိုတော်တောင် ဆုံးသွားရှာတာ မကြာလှသေးဘူး။
မနက်တိုင်း ဆေးကျောင်းက နံရံကပ်သင်ပုန်းမှာ ကာတွန်းလက်ရာတခု နေ့စဉ် လိုလို အလကား ဖတ်ရတယ်။ ကောင်းလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်က ပန်းချီသမား၊ အပျော်တန်းအဆင့်ပါ။ ၁၉၇၂-၇၃ ဆေးကျောင်းမဂ္ဂဇင်း စထုတ်တော့ မျက်နှာဖုံးဆွဲရဘူးတယ်။ သူငယ်ချင်းတွေက သူတို့ ရည်းစားတွေပုံကို ပုံတူဆွဲအပ်ကြတယ်။
ဝါသနာရှိလို့ အရင်က ၀သ လို့ခေါ်တဲ့ မန္တလေးတက္ကသိုလ်ကို သွားသွားပြီး၊ စာပေဟောပြောပွဲတွေ နားထောင်ခဲ့တယ်။ ဆရာကြီးဦးကျော်ရင်ကို မီလိုက်တယ်။ မန္တလေးမှာက စာပေဟောပြောပွဲတွေ အတော်ခေတ်စားခဲ့တာ။ ဆရာကြီးဦးဆန်းထွန်း ဟောတာကိုလဲ ခဏခဏနားထောင်ဘူးတယ်။ ရုပဗေဒပါမောက္ခ ဦးကျော်မြင့် လဲပါတယ်။ ဒါကလဲ သိပ္ပံလိုင်းဆိုတာ သီးခြားကမ္ဘာထဲ ရောက်သွားတာ မဟုတ်ဘူးလို့ ဆိုလိုက်တာဘဲ။ ဆေးကျောင်းသား သူငယ်ချင်း အချင်းချင်း စာအုပ်ငှား ဖတ်ရင် တက္တသိုလ်ဘုန်းနိုင် စာအုပ်ဖြစ် တတ်တယ်။ ဇ၀နရဲ့ ကောလိပ်ဂျင်ကြောင့် ဆေးကျောင်းမဟုတ်တဲ့ တက္ကသိုလ် ဆိုတာကိုလဲ အထင်ကြီးရပါတယ်။
မန္တလေး ၀ိဇ္ဇာနဲ့သိပ္ပံက မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ ကျွန်တော်တို့ ဆေးကျောင်းလာပြီး ဟောတာ ပြောတာ ရှိတယ်။ ရကန်ကိုသူကိုယ်တိုင်ဆိုပြတာ မှတ်မိနေတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့လဲ လာဟောတယ်။ ဆရာဝန် လုပ်မဲ့သူတွေကို ဒီလို အနုပညာနဲ့ မဝေးအောင် လုပ်ပေးဘို့ အသိရှိကြတဲ့ ဆရာဝန်-ဆရာတွေကို ကျေးဇူးတင်ဘို့ သိပ်ကောင်းတယ်။ အဲလို မြင်ဆရာ-ကြားဆရာတွေ ကျေးဇူး ထင်ပါရဲ့ နောင် ကိုယ်တိုင် ကျန်းမာရေး ဖြစ်ဖြစ် တခြားအကြောင်းဖြစ်ဖြစ် လူတွေကို ပြောဟော စည်းရုံးရတော့ ပိုအဆင်ပြေခာ ဒီကျေးဇူးတွေပါ။
နောင်နှစ်တွေ အတော်ကြာရင် ကမ္ဘာထိ နာမယ်ပေါက်မဲ့ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ဖြစ်လာမဲ့ ပုဂ္ဂိုလ်နဲ့အတူ ပေါ်ထွန်းခဲ့ဘူးတဲ့ သတင်းစာတိုက်က စနေစကားဝိုင်းကိုလဲ မီတယ်။ အခုရောက်နေတဲ့ တိုင်းပြည်မှာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွေတုံးက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ စနေနိုင်ငံရေးစကားဝိုင်းကို ဖန်တီးခဲ့တာက အဲဒီက မျိုးစေ့ပါဘဲ။ စနေနေ့ ညနေ ၃ နာရီတိုင်း ၀ိုင်းပြီး စကားပြောကြတယ်။ Brain storming လို့ သူများတွေခေါ်တာမျိုး၊ ဦးနှောက်ဥာဏ်ပွါး-စကားဖလှယ်လို့ ကျွန်တော် ဘာသာပြန် ကြည့်တယ်၊ တိုက်ရိုက်ပြန်တာမို့ သုံးလို့ သိပ် မတွင်ကျယ်ပါဘူး။
ရှိသေးတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်က စောင်းတီး အတော်ကိုတော်တာ။ ဗမာမဟုတ်ဘူး။ ရည်းစားပုံကို ကျွန်တော် ဆွဲပေးရသူတွေထဲက တယောက်ပေါ့။ နောင်နှစ်တွေကြာတော့ ပြည်ထောင်စု အရေးကို လုံးပမ်းမှုတွေ လုပ်တဲ့အထဲမှာ တိုင်းရင်းသားတဦးကနေ စာတပုဒ်ရေးဘူးတယ်။ အဖွဲ့ချုပ် ကထုတ်တဲ့ ပြည်ထောင်စုအရေးစာအုပ်ထဲမှာ။ သူညွှန်းတာက ရှမ်းသီချင်းတပုဒ်လောက်ကို ဗမာတယောက်က ပိုင်ပိုင်နိုင်နိုင်ဆိုပြလိုက်ရင့့် ဆိုတာကို ဖတ်ရတော့ ကျွန်တော့်သူငယ်ချင်းကို သွားအမှတ်ရတယ်။
Dr. တင့်ဆွေ
Posted by
Tint Swe
on November 12 2009 06:20:12
1 Comments 226 Reads
Comments
sirius
on December 17 2009 07:06:33
တစ်ချို.သူတွေကို သိတယ်လို.ထင်ပါတယ်။ ကျွန်တော်တို. လက်လှမ်းမမီတဲ့၊ ကျောင်းသုံးဖတ်စာအုပ်တွေထဲမှာမပါတဲ့ ကိုယ့်ရပ်ကိုယ့်ရွာက ဦးလေးတို.အပါအဝင် လူချွန် လူမွန်တွေ အကြောင်း မှတ်တမ်းတင်ပေးပါ ခင်ဗျား။ ။
Post Comment
Please Login to Post a Comment.
Ratings
Rating is available to Members only.
Please login or register to vote.
No Ratings have been Posted.
Login
Username
Password
Not a member yet?
Click here
to register.
Forgotten your password?
Request a new one
here
.
Facebook
Shout Loudly
You must login to post a message.
TwinPoe
24-08-2010
အသစ်တွေ နည်းနည်းကျဲနေတယ်။ ချင်းတွင်းမြစ်ေ ရတွေ နည်းကုန်နေပီလား ။
naingmar
21-08-2010
NaTSoE
08-07-2010
ဒေါ်ကြီးဘုမရေ.. ကွန်ဂလက်ကျူလေးရှင်းပါ.. ပျော်ရွင်သောဘ၀ လေး ပိုင်ဆိုင်ပါေ
DAW BU MA
06-07-2010
Thz မ ကိုးလ်..........ရေ
phokyaw
05-07-2010
အနော့်ရဲ. ကဗျာမပိစာမမီရော .... မရေခဲရဲ. လွယ်အိတ်ရော... မီးထဲပါသွားပြီေ ပါ့ ကဗ
cold7777777
02-07-2010
Congratulation.. Daw Bu Ma.
DAW BU MA
01-07-2010
ဒေါ်ဘုမ -ph 90264517
DAW BU MA
01-07-2010
Place:6 Rafflles Boulevard Road, # 02-201 Marina Square.
DAW BU MA
01-07-2010
နှစ်ဘက်မိဘတို့ ဧ။်သဘောတူခွင့် ပြု ချက်အရ........... Inle Myanmar Restaurant တွင် 04.07.2010. ညနေ 5နာရ
DAW BU MA
01-07-2010
ချင်းတွင်းသူငယ် ချင်းမျာအားလည်း ကျွေးမွေးဧည့် ခံလိုသောကြောင့် ဖိတ်ကြာ
Display More Shouts
thawhtet
29-06-2010
အရင်က ကဗျာတွေက ရှိတော့ဘူးပေါ့ေ နာ်...
cold7777777
27-06-2010
@twinpoe.. no no.. we are alive. we are also on FB. catch up with us *wink*
TwinPoe
24-06-2010
ချင်းတွင်းဈေးမီးထဲပါသွားသလို ချင်းတွင်းဆိုဒ် လေးလည်း ပါများသွားပီလာ
DAW BU MA
20-06-2010
ဟုတ်ပါ့  ခုမှ ကြည့် ရတာ ကောင်းတယ် ကျေး...............ဇူး ကိုယောကြီး
yawgyi
18-06-2010
phokyaw : သဘော တော် အတိုင်းပါဗျာ