Henry ကနေ A Memory of Solferino စာအုပ်ကို ၁၈၆၂ မှာ ရေးထုတ်ခဲ့တယ်။ နောက်နှစ်မှာ Committee of the Five ဖွဲ့ခဲ့တယ်။ ငါးဦးကော်မတီရဲ့ စိတ်ဝင်စားဘို့ ကောင်းလှတဲ့ အချက်ကတော့ သူက စီးပွါးရေးသမား၊ ကျန်းမာရေး ပညာရှင် နှစ်ဦး၊ ဥပဒေပညာရှင် တဦးနဲ့ စစ်ဗိုလ်ချုပ် တဦးတို့ ပါခဲ့ကြတာဖြစ်တယ်။ (ပရော်ဖက်ရှင်နယ်) ခြားနားကြပေမယ့် စေတနာ အားကောင်းကြရာမှာ သွားတူနေကြတယ်။ “အတူတွဲလုပ်ကြလျှင် အောင်မြင်သည်။” ဆိုတာကို ပြတာပါဘဲ။ “ကြီးကျယ်တဲ့ အရာကို ငါတို့ချည်းသာ လုပ်လို့ မရပါလား” လို့လည်း သင်ခန်းစာပေးလိုက်တယ်။
(ဒူးဒန့်) ရဲ့မွေးနေ့ဖြစ်တဲ့ မေလ ၈ ရက်ကို နှစ်စဉ် World Red Cross and Red Crescent Day ကမ္ဘာ့ကြက်ခြေနီနေ့လို့ သတ်မှတ်ထားတယ်။ ဒီနှစ်မှာ အထူးပြုဘို့ ဆောင်ပုဒ်ကတော့ “မြို့ကြီး-ပြကြီးတွေ များလွန်းလာလို့ ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေနဲ့ အခွင့်အလမ်းတွေ” ဆိုတာ ဖြစ်ပါတယ်။
ကြက်ခြေနီ အမှတ်အသားကို ၁၈၆၄ ပထမအကြိမ် (ဂျနီဗာ-ကွန်ဗင်းရှင်း) ပြီးတဲ့နောက် ဆွစ်ဇလန်နိုင်ငံ အလံအရောင်ကို ပြောင်းပြန်ပြုထားတဲ့ “အဖြူခံပေါ် အနီရောင် ကြက်ခြေ” ကို သတ်မှတ်ခဲ့ကြတယ်။ နောက်မှာ ကြက်ခြေနီလိုပဲ လခြမ်းနီ Red Crescent အမှတ်အသားကို စသုံးခဲ့ကြတာကတော့ (အော်တိုမန်-အင်ပါယာ) နဲ့ ရုရှားစစ် (၁၈၇၇-၁၈၇၈) က ဖြစ်တယ်။ အခု အဲလိုနိုင်ငံပေါင်း ၃၃ ခုရှိနေပြီ။ ၂၀၀၅ ခုနှစ်မှာ Red Crystal ကိုပါ တချို့တိုင်းပြည်တွေမှာ သုံးနိုင်လာ ကြတယ်။ Red Star of David ဆိုတဲ့ အစ္စရေးတို့ လုပ်ချင်တာကတော့ တရားဝင် မဖြစ်သေးပါဘူး။